Wednesday, December 9, 2015
Wednesday, December 2, 2015
Tuesday, December 1, 2015
Thursday, November 26, 2015
Tuesday, November 24, 2015
Monday, November 23, 2015
မင်းရွာခရီးစဉ်
မင်းရွာခရီးစဉ်
ယခုလ Outing အစီအစဉ်အဖြစ် ပဲခူးတိုင်း ဒေသကြီး ၊ သနပ်ပင် မြိုကနယ် ၊ မင်းရွာသို့ ခရီးထွက်ကာ ဓာတ်ပုံများ ရိုက်ကူးကြသည်။ သနပ်ပင်မြို့ နှင့် မင်းရွာ သည် မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းသားများ၏ အသင်းလိုက် ဖြစ်စေ ၊ အုပ်စုလိုက် ဖြစ်စေ နှစ်စဉ် သွားနေကျ ခရီးစဉ်တစ်ခု ဖြစ်သ်ည။ လယ်ယာစပါး စိုက်ခင်းများနှင့် ချောင်းမြောင်း အင်းအိုင်များ ရှိသည့်အတွက် ဓာတ်ပုံ ရိုက်ကွင်းကောင်း များစွာ ရှိသည့် နယ်မြေ ဖြစ်သည်။ နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲကြီး များတွင် ဆုကြီးများအဖြစ် ရရှိသော လှေနှင့် ပိုက်ွန်ပစ်နေပုံ များနှင့် မြုံးထောင် ၊ ငါးဖမ်းပုံ အတော် များများမှာ ယခု အရပ်ဝန်းကျင် မှ ပုံများ ဖြစ်သည်။
ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံဓာတ်ပုံအသင်း
Outing အစီအစဉ်
ပထမ - မောင်သီလ
ဒုတိယ - စိုးနိုင်မင်း
တတိယ - သွယ်သွယ်ထွန်း

စံပြအလှမယ်
မော်ဒယ်လ် - နန်းသီရိမောင်
ပထမ -မောင်မောင်မင်းဇော်ဦး
ဒုတိယ - ၀ဏ္ဏ၀င်း
တတိယ - မေစောလွင်
မော်ဒယ်လ် - နန်းသီရိမောင်
ပထမ -မောင်မောင်မင်းဇော်ဦး
ဒုတိယ - ၀ဏ္ဏ၀င်း
တတိယ - မေစောလွင်
(၃)လပတ် ရောင်စုံဓာတ်ပုံ
ပထမ - ဇေယျာလင်း
ဒုတိယ - ၀င့်ရည်မွန် (ရွှေကျင်)
တတိယ - ကိုရဲထွန်း (Image Palace)
ပထမ - ဇေယျာလင်း
ဒုတိယ - ၀င့်ရည်မွန် (ရွှေကျင်)
တတိယ - ကိုရဲထွန်း (Image Palace)
ဓာတ်ပုံသင်တန်းသားကဏ္ဍ
" စံပြအလှမယ် "
မော်ဒယ်လ် - မိုးမြင့်သူ
ပထမ - လင်းထိန်
ဒုတိယ - ၀ဏ္ဏမောင်မောင်
တတိယ - အောင်လွင်
" စံပြအလှမယ် "
မော်ဒယ်လ် - မိုးမြင့်သူ
ပထမ - လင်းထိန်
ဒုတိယ - ၀ဏ္ဏမောင်မောင်
တတိယ - အောင်လွင်
( ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်း ဓာတ်ပုံပြိုင်ပွဲ ကဏ္ဍမှ )
" ယပ်တောင်တစ်ချပ် "
" ယပ်တောင်တစ်ချပ် "
ဇာတိဘ၀ ၊ နိဒါန်းစ၍
လောကကမ်းပါး ၊ လူသားတစ်ယောက်
တံခါးခေါက်သည်
" ဒေါက် ... ဒေါက် ... ဒေါက် ... ဒေါက်
တဒေါက်ဒေါက်နှင့် ... "
တစ်ယောက်တစ်ယောက် ၊ နောက်တစ်ယောက် နှင့်
ရောက်လာလို့မှ မကြာရသေး
" တေးသွားတစ်ပုဒ် စည်းမကိုက်မီ
နေခြည်သက်တံ့ ၊ လက်မဆန့်မီ "
ပန်းချီကားချပ် ၊ ဆေးရောင်စပ်တုန်း
ပြုံးကြ မဲ့ကြ ၊ ရယ် ငိုကြနှင့်
ချစ်ကြ မုန်းကြ ၊ နိုင်ရှုံးကြနှင့်
ဘ၀မြစ်တွင်း ၊ စုန်ဆန်ရင်းမှ
ပျင်းလို့လားမသိ
လင်းဖို့လားမသိ
နေညှိုးလို့လားမသိ
ရေချိုးဖို့လားမသိ
ပန်းခူးဖို့လားမသိ
လမ်းကူးဖို့လားမသိ
ရုတ်တရက်နှင့် ၊ ကသုတ်ကသက်
နှုတ်မဆက် . . . ကွဲ ၊ သည်လမ်းခွဲမှာ
ကဗျာလက်ဆောင် ၊ မျက်ရည်နှောင်ရင်း
ယပ်တောင်တစ်ချပ် ၊ စာတန်းကပ်၍
ပြဇာတ်တစ်ပုဒ် ၊ နိဂုံးချုပ်ပြီ
ဘယ်ဆီသို့လဲ
" သူမှလွဲ၍ မသိနိုင် "
" မှတ်တိုင်လမ်းခွဲ မျက်ရည်ဖြိုင် "
ဌေးကြည် (စလင်း)
( ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်း ကဗျာကဏ္ဍ မှ )
Friday, November 20, 2015
၂၀၁၅ ခုနှစ် ဒီဇင်ဘာလထုတ် မြ၀တီရသစုံမဂ္ဂဇင်း ၏ အလှစာမျက်နှာကဏ္ဍ
မော်ဒယ်လ် - မိုမိုကို
ဓာတ်ပုံ - ကိုအောင် (Flash Memo)
၂၀၁၅ ခုနှစ် ဒီဇင်ဘာလထုတ် မြ၀တီရသစုံမဂ္ဂဇင်း ၏ အလှစာမျက်နှာကဏ္ဍ
သည်ဆောင်းဟေမန်
သည်ဆောင်းဟေမန်
(ဆုရဓာတ်ပုံသုံးသပ်ချက်)
၂၀၁၅ ခုနှစ် မြ၀တီလစဉ် ဓာတ်ပုံပြိုင်ပွဲ၏ နောက်ဆုံးလ ပြိုင်ပွဲခေါင်းစဉ်မှာ "သည်ဆောင်းဟေမန်" ဖြစ်သည်။ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၃၉ ပုံ ၀င်ရောက် ယှဉ်ပြိုင် ခဲ့သည်။ နောက်ဆုံးလ ပြိုင်ပွဲဖြစ်သဖြင့် တံခွန်စိုက်ဆုကြီး အတွက် အမှတ်များ မတိမ်းမယိမ်း ဖြစ်နေရာ ပန်းဝင်နိုင်ရေး အထူးကြိုးစား ယှဉ်ပြိုင် လာကြသည်ကို တွေ့ရသည်။ လျှို့ဝှက် အမှတ်ပေးစနစ်ဖြင့် အကဲဖြတ် ကြသဖြင့် မည်သူက တံခွန်စိုက်ဆု ရသွားသည်ကို ယခုပြိုင်ပွဲ အကဲဖြတ်ပြီးမှ သိကြရ၍ အကဲဖြတ်အဖွဲ့ဝင် များပင် ရင်ခုန် ခဲ့ကြရသည်။
ပြိုင်ပွဲဝင်ပုံ တော်တော်များများ ကောင်းမွန်သော်လည်း အကြောင်းအရာ ပါ ခေါင်းစဉ်ကို ပီပြင်အောင် သရုပ်မဖော်ပြ နိုင်သဖြင့် ဆုကြီးများ လွဲခဲ့ကြရသည်။ နောက်ဆုံးလ ပြိုင်ပွဲဖြစ်၍ တချို့ လက်လျော့သွား ကြသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ မလျှော့သော ဇွဲဖြင့် လာမည့်နှစ်တွင် ဆက်လက် ကြိုးစား ယှဉ်ပြိုင်ကြရန် တိုက်တွန်း လိုက်ရပါသည်။
ဦးတင်မြင့် (စစ်ငြိမ်းပန်း)
မြန်မာနိုင်ငံဓာတ်ပုံအသင်း အကဲဖြတ်အဖွဲ့ဝင်

Thursday, November 19, 2015
Subscribe to:
Comments (Atom)